Freight In Charges ဆိုသည်မှာ ကုန်ပစ္စည်းများအား ဝယ်ယူသည့်အခါတွင် ထိုကုန်ပစ္စည်းများအတွက် သယ်ယူပို့ဆောင်မှုနှင့် အခြားသော စရိတ်များပေးရသည့်အခါတွင် ထို ကုန်ကျစရိတ်များအား ကုန်ပစ္စည်းတန်ဖိုးထဲတွင် ထပ်ပေါင်းထည့်သွင်းနိုင်ခြင်းဖြစ်ပါသည်။
Freight In Charges ထည့်သွင်းနည်း
2)ဝယ်ယူထားသည့် ဘောင်ချာအတွက် Freight In တန်ဖိုးအား အခြားသော supplier ကိုပေးရမည်ဖြစ်ပါက ထည့်သွင်းနည်း
1)ဝယ်ယူထားသည့် ဘောင်ချာအတွက် Freight In တန်ဖိုးအား ဝယ်ယူထားသည့် supplier ကိုသာပေးရမည်ဖြစ်ပါက ထည့်သွင်းနည်း

- ရှေးဦးစွာ အဝယ်ဘောင်ချာထည့်သွင်းရန်အတွက် Purchase Invoice ထဲကိုဝင်ပါ။

- New Purchase Invoice ကိုနှိပ်ပါ။

Supplier နေရာတွင် လုပ်ငန်းမှပစ္စည်းဝယ်ယူထားသည့် သက်ဆိုင်ရာ Supplier ကိုထည့်သွင်းပါ။
Item တွင် ဝယ်ယူသည့် ပစ္စည်းကိုထည့်သွင်းပေးရပါမည်။
ဝယ်ယူထားသောပစ္စည်းများအတွက် အခြားသောစရိတ်များအား ကုန်ပစ္စည်းတန်ဖိုးပေါ်တွင် ထည့်ပေါင်းတွက်ရန်အတွက် Item တွင် Freight In Charges ရွေးချယ်၍ Description တွင် အခြားကုန်ကျစရိတ်ခေါင်းစဥ်အမည်အားထည့်သွင်းပါ။
ထို့နောက် Create ကိုနှိပ်ပါ။

- ဝယ်ယူထားသည့် Supplier အတွက် ပစ္စည်းဖိုးနှင့်Freigh In Charges တန်ဖိုးအားပေးချေရန်အတွက် ထိုဘောင်ချာထဲမှ New Payment ကိုနှိပ်ပါ။

Paid From တွင် ငွေပေးချေမည့် သက်ဆိုင်ရာ Cash Book ကိုရွေးချယ်ပေးရပါမည်။
ထို့နောက် Create ကိုနှိပ်ပေးရပါမည်။
2)ဝယ်ယူထားသည့် ဘောင်ချာအတွက် Freight In တန်ဖိုးအား အခြားသော supplier ကိုပေးရမည်ဖြစ်ပါက ထည့်သွင်းနည်း

- ရှေးဦးစွာ အဝယ်ဘောင်ချာထည့်သွင်းရန်အတွက် Purchase Invoice ထဲကိုဝင်ပါ။

- New Purchase Invoice ကိုနှိပ်ပါ။

Supplier နေရာတွင် လုပ်ငန်းမှပစ္စည်းဝယ်ယူထားသည့် သက်ဆိုင်ရာ Supplier ကိုထည့်သွင်းပါ။
Item တွင် ဝယ်ယူသည့် ပစ္စည်းကိုထည့်သွင်းပေးရပါမည်။
ဝယ်ယူထားသောပစ္စည်းများအတွက် အခြားသောစရိတ်များအား ကုန်ပစ္စည်းတန်ဖိုးပေါ်တွင် ထည့်ပေါင်းတွက်ရန်အတွက် Item တွင် Freight In Charges ရွေးချယ်၍ Description တွင် အခြားကုန်ကျစရိတ်ခေါင်းစဥ်အမည်အားထည့်သွင်းပါ။
ထည့်သွင်းထားသော Freight Charges မှ amount များသည် ဝယ်ယူထားသော Supplier အားပေးရမည်မဟုတ်ဘဲ အခြားသူအားပေးရမည်ဖြစ်ပါက မိမိစရိတ်ကျခံမည့် စာရင်းခေါင်းစဥ်အမည်အား Account တွင် ရွေးချယ်ပါ။ Unit Price တွင် စရိတ်ကျခံမည့် Account များအတွက် Freight In ထည့်ထားသော ကုန်ကျစရိတ် amount အား (-)အနုတ်ဖြင့်ထည့်သွင်းပါ။
ထို့နောက် Create ကိုနှိပ်ပါ။

- Summary တွင်ပြန်ကြည့်ပါက Expense ခေါင်းစဉ်အောက်တွင် သက်ဆိုင်ရာ Expenses ခေါင်းစဉ်ဖြင့် (-) ဖြစ်အထက်ပါအတိုင်းတွေ့ရပါမည်။

- Freight In Charges တန်ဖိုးအား တခြားသော Supplier ကိုပေးချေရန်အတွက် Payments ထဲကိုဝင်ပါ။

New Payment ကိုနှိပ်ပါ။

Paid From တွင် ငွေပေးချေမည့် သက်ဆိုင်ရာ Cash Book ကိုရွေးချယ်ပေးရပါမည်။
Account တွင် ပေးချေမည့် စရိတ် ခေါင်းစဥ် Account အား ရွေးချယ်၍ Amount တွင် ပေးချေသည့် amount အားထည့်သွင်းပါ။
ထို့နောက် Create ကိုနှိပ်ပေးရပါမည်။
Summary တွင်ပြန်စစ်ကြည့်ပါကလည်း ရှင်းပေးရမည့် Expenses စရိတ်ကျေသွားပါမည်။